အေစီမီလန်အသင်းက ရာဖေးလီယာအို ရဲ့ ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ သတ်မှတ်
13 Jun
အေစီမီလန်အသင်းက တောင်ပံကစားသမား ရာဖေးလီယာအို အတွက် ပြောင်းရွှေ့ကြေးအား ယူရို သန်း ၁၀၀ အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ရာဖေးလီယာအို ကို လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်း အပါအဝင် ဥရောပ ကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိပါတယ်။ ရာဖေးလီယာအို ဟာ အေစီမီလန်အသင်းနှင့်အတူ ၂၀၁၉-၂၀၂၀ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိပြိုင်ပွဲစုံ ပွဲပေါင်း ၂၆ဝ ကစားပြီး ဂိုး ၇၀ အထိ သွင်းယူထားနိုင် ခဲ့ပါတယ်။ အေစီမီလန်အသင်းကလည်း ရာဖေးလီယာအို အတွက် ၄င်းတို့သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေမည့်အသင်းကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)
13 Jun