ဇွန်လ ၁၈ ရက်တွင် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ထုတ်ပြန်မည်

13 Jun

၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို လာမည့် ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြိုင်ပွဲဝင် အသင်း ၂ဝ ပါဝင်တဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမည့် သြဂုတ်လ ၁၆ ရက်တွင် စတင်သွားမှာဖြစ်ပြီး ၂၀၂၆ ခုနှစ် မေလ ၂၄ ရက်တွင် ပြီးဆုံးမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်တွင် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို လာမည့် ဇွန် ၁၈ ရက် တွင် ထုတ်ပြန်မှာဖြစ်ပြီး ကလပ်အသင်းတွေအနေနဲ့ လက်ရှိဈေးကွက်အတွင်း ကစားသမားတွေ အပြိုင်အဆိုင် ခေါ်ယူထားမှုကြောင့် လာမည့်ပြိုင်ပွဲက ပြိုင်ဆိုင်မှုပိုမိုပြင်းထန်မည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။(NVS 008)

13 Jun

ADVERTISE HERE .