အန်ဇိုဖာနန်ဒက်စ် ပြောင်းရွှေ့ကြေးအတွက် ယူရိုသန်း ၂၀ဝ တောင်းဆိုခဲ့တဲ့ ချဲလ်ဆီးအသင်း

13 Jun

ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် ကွင်းလယ်ကစားသမား အန်ဇိုဖာနန်ဒက်စ် အတွက် ပြောင်းရွှေ့ကြေးကို ချဲလ်ဆီးအသင်းက ယူရို သန်း ၂၀၀ အဖြစ် သတ်မှတ်တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ချဲလ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်စ် ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အပြောင်းအရွှေ့တွင် ယူရို ၁၂၁ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ အန်ဇိုဖာနန်ဒက်စ် တို့ရဲ့ စာချုပ်သက်တမ်းက ၂၀၃၁ ခုနှစ်အထိဖြစ်လို့ အခုလို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် အန်ဇိုဖာနန်ဒက်စ် က ချဲလ်ဆီးအသင်းအတွက် ပြီးခဲ့တဲ့ ရာသီတွင် ပြိုင်ပွဲစုံ ၄၆ ပွဲ ပါဝင်ကစားခဲ့ပြီး ရှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။(NVS 008)

13 Jun

ADVERTISE HERE .