ရီးရဲလ်မက်ဒရစ်အသင်းတွင် ကျောနံပါတ်(၁၂)ကို ဝတ်ဆင်ကစားမယ့် အာနိုး
13 Jun
လက်ရှိနွေရာသီကစားသမား အပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်အသင်းကစားသမား အာနိုး ဟာ ရီးရဲလ် မက်ဒရစ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ အာနိုး အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်း ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ မာဆယ်လို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၁၂) ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။ အာနိုး က လီဗာပူးလ်အသင်း အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစတင်ကာ အသင်း အတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ ယခုနှစ် ဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက လက်လွှတ်လိုခြင်းမရှိဘဲ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော် လည်း အာနိုး ကိုယ်တိုင်က ရီးရဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ် မက်ဒရစ်အသင်းတွင် မာဆယ်လို က ကျောနံပါတ်(၁၂)ကို ဝတ်ဆင်ကာ အသင်းနှင့်အတူ ဆုဖလားများစွာနဲ့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။(NVS 008)