မန်ယူအသင်းက ဂိုးသမား မာတီနက်ဇ် ကို ခေါ်ယူရန်ကြိုးပမ်း
13 Junမန်ယူအသင်းက ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အက်စတွန်ဗီလာအသင်း ဂိုးသမား မာတီနက်ဇ် ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်းသိရပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အာဂျင်တီးနား လက်ရွေးစင် ဂိုးသမား မာတီနက်ဇ် ကိုခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း နောက်ဆုံးမှာ အသင်းဂိုးသမား အိုနာနာ နဲ့သာ ရာသီကုန်အထိဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းက အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ် ကိုခေါ်ယူရန် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ အက်စတွန်ဗီလာအသင်းက ယခုနွေရာသီမှာ အသင်းမှထွက်ခွာလိုနေတဲ့ မာတီနက်ဇ် ကို ရောင်းချရန်စီစဉ်နေပြီး ၎င်းကိုခေါ်ယူရန် မန်ယူအသင်းအပြင် ဘာစီလိုနာနှင့် ဆော်ဒီကလပ်များကလည်း စိတ်ဝင် စားနေကြောင်း သိရပါတယ်။ လက်ရှိတွင် မန်ယူအသင်းက မာတီနက်ဇ် ကိုခေါ်ယူရန် ကြိုးပမ်းနေပြီး ကစားသမားနဲ့ ဆက်သွယ်ကာ ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။(NVS 008)