“ပါရီဆစ် ကို ခေါ်ယူချင်နေတဲ့ ဟန်ဆီဖလစ်ခ်”
13 Jun
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် က ၀ါရင့်ခရိုအေးရှားတောင်ပံကစားသမား ပါရီဆစ်ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူချင်နေပါတယ်။ အသက် ၃၆ နှစ်ရှိပြီတဲ့ ပါရီဆစ် က ပြီးခဲ့တဲ့ရာသီက PSV အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဟန်ဆီဖလစ်ခ် က တပည့်ဟောင်း ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ပါရီဆစ် ဟာ အင်တာမီလန် အသင်းမှာ အချိန်အကြာဆုံးကစားကာ ခြေစွမ်းပြကစားခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ ရှိစဉ်က ဖလားသုံးလုံး အောင်ပွဲရခဲ့ချိန်မှာလည်း ဟန်ဆီဖလစ်ခ် အတွက် အားထားရတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ပါရီဆစ် ကလည်း ဘာစီလိုနာအသင်းမှာ ကစားချင်နေတာကြောင့် အခြားအသင်းတွေကို မစဉ်းစားသေးဘဲ ဘာစီလိုနာအသင်း ကမ်းလှမ်းလာမှုကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။ (NVS 008)
13 Jun