"ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်တိုင်းစက်များကို နေရာ ၄ နေရာတွင် တပ်ဆင်ထား"
13 Jun
ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်လှုပ်ခတ်တဲ့အခြေအနေနဲ့ မြေသားလှုပ်ရှားမှုအခြေနေတွေကို သိရှိစေဖို့ အတွက် မြေငလျင်တိုင်းစက်နဲ့ GPS စက်တွေ တပ်ဆင်ထားတယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီကနေ သိရပါ တယ်။ အဆိုပါစက်တွေကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ မဟာဝိဇယစေတီတော်ကြီး၊ ကိုးမိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နဲ့ မြောက်ဥက္ကလာပမြို့နယ်တို့မှာ တပ်ဆင်ထားတယ်လို့ သိရပါတယ်။ အခုလို ငလျင်တိုင်းတာစက်တွေ တပ်ဆင်လိုက်တဲ့အတွက် ငလျင်လှုပ်ခတ်တဲ့ တည်နေရာနဲ့ လှုပ်ရှားမှု အခြေ အနေတွေကို ပိုပြီး သိလာနိုင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံမြေငလျင်ကော်မတီက ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောကြားခဲ့ပါတယ်။ GPS စက်တွေကနေ ငလျင်ကြီးဖြစ်စေနိုင်တဲ့ မြေထုရွေ့လျားမှုကို စောင့်ကြည့်နိုင်ပြီး စစ်ကိုင်း ပြတ်ရွေ့ကို အဓိကထားကာ ပဲခူး၊ ရမည်းသင်း၊ ဟဲဟိုး၊ လွိုင်လင် စတဲ့ မြို့နယ်တွေက ပြတ်ရွေ့တွေမှာ တိုင်းတာနိုင်ဖို့ တပ်ဆင်ထားပြီးဖြစ်ပါတယ်။ ၎င်းမြေငလျင်တိုင်းစက်နဲ့ GPS စက်တွေကို EOS ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီတို့ ပူးပေါင်းကာ ၂၀၁၁ ခုနှစ်က စတင်တပ်ဆင်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် မြန်မာနိုင်ငံမှာ မြေထုရွေ့လျားမှုကို တိုင်းတာစက် တပ်ဆင်ထားတဲ့ စခန်း ၁၇ ခုအပြင် ငလျင်တိုင်းစက် ၁၀ ခုကျော် ကို တပ်ဆင်ထားတယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီကနေ သိရပါတယ်။ (NVS 004)