"စားသုံးဆီကုမ္ပဏီများကို ဒေါ်လာ ၁ သန်းကျော် ရောင်းချ"
13 Jun
စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ဇွန်လ ၁၁ ရက်က အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရောင်းချပေးခဲ့ တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ထားပြန်ပါတယ်။ FX Market Online Trading မှာ CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက ရောင်းချပေးခဲ့ ခြင်းဖြစ်ပြီး ဗဟိုဘဏ်အနေနဲ့ AD လိုင်စင်ရဘဏ်တွေ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေပါဝင်တဲ့ FX Market Online Trading Platform ကနေ နိုင်ငံခြားငွေကြေးတွေကို ရောင်းချပေးနေတာ ဖြစ်ပါတယ်။ အခုလို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားငွေ ထုတ်ရောင်းပေးတဲ့အတွက် ပြည်တွင်း စားအုန်းဆီ ဈေးနှုန်းတွေ ကျဆင်းလာခဲ့ပါတယ်။ ဇွန်လ ၉ ရက်ကနေ ၁၅ ရက်အထိ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာကို ၆,၁၈၅ ကျပ် သတ်မှတ်ထားပြီး အရင်အပတ်ထက် ဈေးကျဆင်းလာတာကို တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန် ဒေါ်လာ ၃၂ သန်း ရောင်းချပေးမယ်လို့ ဇွန်လ ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။ (NVS 004)