“ဗီယက်နမ်အလှူရှင်များရဲ့ လှူဒါန်းမှုအောင်ပွဲအထိမ်းအမှတ်အဖြစ် ဗိုလ်တထောင်စေတီတွင် ကျင်းပမည်”
13 Jun
ဗီယက်နမ်အလှူရှင်များရဲ့ လှူဒါန်းမှုအောင်ပွဲများကို ရန်ကုန်မြို့မှာ ဇွန်လ ၁၈ ရက်နှင့် ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ရက္ခိတစွမ်းအားပရဟိတအဖွဲ့ထံမှ သိရပါတယ်။ ဗီယက်နမ်အလှူရှင်များမှ ဇွန်လ ၁၈ ရက်နံနက် ၈ နာရီခွဲတွင် ဗိုလ်တထောင်စေတီတော်မြတ်ကြီးမှာ ပိဋကတ်သုံးပုံမှ ဝိနည်းငါးကျမ်းအား ၁၄၄ နာရီကြာ အသံမစဲရွတ်ဖတ်ပူဇော်မှု ပြီးစီးခြင်းအောင်ပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ဇွန်လ ၂၀ ရက် မွန်းလွဲ ၂ နာရီမှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းတိုက်ပေါင်း ၂၂၀ မှ သံဃာတော်နှင့် သီလရှင်အပါး ၂၀,၀၀၀ တို့ကို မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလပေါင်ရှိ ရွှေဥမင်ဓမ္မသုခတောရရိပ်သာမှာ ဆွမ်းဆန်စိမ်းလောင်းလှူသွားမှာဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်ည ၆ နာရီခွဲမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်ပေါ်တွင် ဗီယက်နမ်အလှူရှင်များက စေတီတော်မြတ်ကြီးကို ဆီမီး ၁၀,၀၀၀ လှူဒါန်းပူဇော် သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)