“ရွှေတိဂုံစေတီတော်သို့ ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ခြောက်သိန်းသုံးသောင်းကျော်လာရောက်”

13 Jun

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ယခုနှစ် မေလအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် ခြောက်သိန်း သုံးသောင်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရပါတယ်။ မတ်လအတွင်း ဘုရားဖူးဝင်ရောက်မှုအနေနဲ့ သံဃာတော် ၉,၈၆၃ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၆,၀၄၆ ပါး၊ အမျိုးသား ၂၈၁,၄၂၈ ဦး၊ အမျိုးသမီး ၃၂၉,၀၆၄ ဦး၊ နိုင်ငံခြားသား ၂,၂၂၄ ဦး၊ နိုင်ငံခြားသူ ၃,၀၃၈ ဦး စုစုပေါင်း ၆၃၁,၆၆၃ ဦးခန့် ဝင်ရောက်ခဲ့ပါတယ်။ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဝင်ရောက်မှုမှာ ရုံးဖွင့်ရက်များတွင် တစ်ရက်လျှင် လူဦးရေ တစ်သောင်းဝန်းကျင်မှ လေးသောင်းဝန်းကျင်အထိ လာရောက်ကြပြီး အများပြည်သူရုံးပိတ်ရက်များဖြစ်တဲ့ မေလ ၄ ရက်(တနင်္ဂနွေနေ့)တွင် ရဟန်းသံဃာ၊ ပြည်သူ ၂၉,၄၈၄ ဦး၊ မေလ ၁ဝ ရက်(စနေနေ့)တွင် ၂၀,၀၄၀ ဦး၊ မေလ ၁၁ ရက်(ကဆုန်လပြည့်နေ့)တွင် ၁၆,၆၃၅၀ ဦး၊ မေလ ၁၈ ရက်(တနင်္ဂနွေနေ့)တွင် ၄၁,၇၁၄ ဦးနှင့် မေလ ၂၅ ရက် (တနင်္ဂနွေနေ့)တို့တွင် ၃၃,၄၁၉ ဦးဖြင့် ဘုရားဖူးဝင်ရောက်မှု အများဆုံးလာရောက်ဖူးမြော်ခဲ့ပါတယ်။ ရပ်နီးရပ်ဝေးမှဘုရားဖူးများ အဆင်ပြေစေရန်နှင့် စိတ်အေးချမ်းသာစွာဖူးမြော်နိုင်ရန် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ နံနက် ၅ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိရာမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှစ၍ ဘုရားဖူးမြော်ချိန်ကို နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရပါတယ်။ (NVS-004)

13 Jun

ADVERTISE HERE .