ကုန်ဈေးနှုန်းသတင်း ၁၂.၆.၂၀၂၅

12 Jun

ဇွန်လ ၁၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ပြောင်းဆန်၊ ကြက်သွန်ဖြူနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ် နေပါတယ်။ ကြက်သွန်နီဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၄,၅၀၀ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၄,၆၂၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၈၆၅ ကျပ်ကနေ ၄,၉၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၈၆,၃၆၇ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၈,၀၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာ ကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၀၈၅ ကျပ်ကနေ ၆,၁၉၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၉၁၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၅၀ ကျပ်ကနေ ၁,၇၇၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၀၇၅ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ် (ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၆,၀၀၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇၀၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၃၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၇၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၂၁,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၇၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၈၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၄၅ ကျပ်၊ မန္တလေးမှာ ၂,၉၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၂၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၉၅ ကျပ်၊ မန္တလေးမှာ ၃,၀၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၃၇၅ ကျပ်၊ မန္တလေးမှာ ၂,၄၉၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၅၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၉၅၀ ကျပ်၊ မန္တလေးမှာ ၃,၀၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၃၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၈၂၀,၀၀၀/-) ငါးဆယ် ရှစ်သိန်း နှစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၉၁၀,၀၀၀ိ/-) ခုနစ်ဆယ် ကိုသိန်း တစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

12 Jun

ADVERTISE HERE .