ဘရာဇီးလ်အသင်းမှာ နေမာ အရေးပါနေဆဲဖြစ်ကြောင်း အန်ဆယ်လော့တီ ပြော
12 Jun
ဘရာဇီးလ်နည်းပြ အန်ဆယ်လော့တီ က နာမည်ကျော်ကစားသမား နေမာ ဟာ သူတို့အသင်းအတွက် အရေးပါဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ နေမာ ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး နည်းပြ အန်ဆယ်လော့တီ လက်ထက် ဘရာဇီးလ်အသင်းမှာ ကစားခွင့်မရသေးပေမယ့် နေမာ ဟာ အသင်းအတွက် အရေးပါဆဲဖြစ်ပြီး ဘယ်နေရာမှာမဆို ကစားနိုင်သူဖြစ်တယ်လို့လည်း အန်ဆယ်လော့တီ က ပြောကြားခဲ့ပါတယ်။ နေမာ ဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၁၂၈ ပွဲမှာ ၇၉ ဂိုးသွင်းယူထားပြီး အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ နေမာ ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ပြိုင်ပွဲဝင်နိုင်ဖို့ စိတ်အားထက်သန်နေတဲ့အပြင် ချန်ပီယံဆုကိုလည်း ရယူနိုင်ဖို့ မျှော်လင့် နေတယ်လို့ သိရပါတယ်။(NVS 008)
12 Jun