ONE Friday Fights 112 ပြိုင်ပွဲမှာ သွေးလင်းထက်၊ မိုးထက်အောင်၊ စောမင်းမင်းတို့ပွဲများ ပါဝင်

12 Jun

ONE Friday Fights 112 ပြိုင်ပွဲမှာ မြန်မာဖိုက်တာများဖြစ်တဲ့ သွေးလင်းထက်၊ မိုးထက်အောင်၊ စောမင်းမင်း တို့ရဲ့ပွဲများ ပါဝင်နေလျက်ရှိပါတယ်။ ONE Friday Fights 112 ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ONE Friday Fights 112 ပြိုင်ပွဲမှာ တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်နေပြီး ဘင်တမ်ဝိတ်တန်းမှာ စောမင်းမင်း က သြစတြေးလျဖိုက်တာ သရိုးဘရစ်ဒ်၊ ဖလိုင်းဝိတ်တန်းမှာ မိုးထက်အောင်က ထိုင်းဖိုက်တာ ခွန်ပေါင်နွိုင်၊ စတော ဝိတ်တန်းမှာ သွေးလင်းထက်က ထိုင်းဖိုက်တာ ခရစ်ပတ်တို့နဲ့ ယှဥ်ပြိုင်ထိုးသတ်ရမှာ ဖြစ်ပါတယ်။ (NVS 008)

12 Jun

ADVERTISE HERE .