ဒါဇင်ဝက် သွင်းဂိုးနှင့်အတူ နိုင်ပွဲရရှိခဲ့တဲ့ မြန်မာယူ-၁၉ အမျိုးသမီးအသင်း

12 Jun

ဗီယက်နမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဇွန်လ ၁၁ ရက်က အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဉ်အတွင်း ကစားသမားအပြောင်းအလဲများပြုလုပ်ခဲ့တဲ့ မြန်မာအသင်းက လာအိုအသင်းကို ပထမပိုင်း ပွဲချိန်အတွင်း ၃ ဂိုးသွင်းယူနိုင်ခဲ့သလို ဒုတိယပိုင်းပွဲချိန်အတွင်း နောက်ထပ် ၃ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ကာ ၆ ဂိုး၊ ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယူ-၁၉ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းက ဇွန်လ ၉ ရက်က အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ရာ ၂ ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ထားပါတယ်။ မြန်မာအသင်းအနေနဲ့ ဇွန်လ ၁၃ ရက်မှာ အုပ်စုတွင်း နောက်ဆုံးအဆင့် ပြိုင်ပွဲအဖြစ် တီမောအသင်းကို ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ တီမောအသင်းကို အနိုင်ရရှိပါက နောက်တစ်ဆင့် တက်လှမ်းနိုင်ရန် အလားအလာရှိနေပြီဖြစ်ပါတယ်။ အာဆီယံယူ- ၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(A)မှာ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ တီမောအသင်းတို့ ကျရောက်နေပါတယ်။(NVS 008)

12 Jun

ADVERTISE HERE .