AFC Challenge League 2025-26 ပြိုင်ပွဲသို့ မြန်မာကိုယ်စားပြု ကလပ်အသင်းနှစ်သင်း ယှဉ်ပြိုင်ခွင့်ရရှိ

12 Jun

အာရှဘောလုံးအဖွဲ့ချုပ် (AFC)မှ ကြီးမှူးကျင်းပတဲ့ AFC Challenge League 2025-26 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုကလပ်အသင်းနှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီကနေ သိရပါတယ်။ 2024-2025 မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက AFC Challenge League 2025-26 အုပ်စုအဆင့်ပြိုင်ပွဲသို့ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရရှိပြီး အဆင့်(၂) နေရာရပ်တည်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်းက ပဏာမအဆင့် (Preliminary Stage) မှ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းက Preliminary Stage ပွဲစဉ်အဖြစ် လာအိုလိဂ်ချန်ပီယံ EZRA FC အသင်းနှင့် ဩဂုတ်လ ၁၂ ရက်၌ လာအိုနိုင်ငံမှာယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရရှိပါခဲ့က အုပ်စုအဆင့်တက်ရောက်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ရှမ်းယူနိုက်တက်အသင်းက ပြီးခဲ့တဲ့ AFC Challenge League 2024-2025 ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ AFC Challenge League 2025-26 အုပ်စုအဆင့် မဲခွဲမှုကို ဩဂုတ်လ ၂၈ ရက်မှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

12 Jun

ADVERTISE HERE .