“မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့်ကဏ္ဍများ ဆွေးနွေးခဲ့”
12 Jun
မြန်မာ-တရုတ်နှစ်နိုင်ငံ ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့်ကဏ္ဍများကို ဇွန်လ ၉ ရက်က ကူမင်းမြို့မှာ ကျင်းပတဲ့ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံး နှင့် ယူနန်ပြည်သူ့ ပြည်ပချစ်ကြည်ရေးအသင်းတို့ပူးပေါင်း၍ “မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်လည်ဆန်းစစ်ခြင်းနှင့် အနာဂတ်ကာလပူးပေါင်းဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ဦးသွင်ထက်လင်း၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြား ရေးရုံး၊ ညွှန်ကြားရေးမှူးချုပ် မစ္စတာရန်ရှောက်ချန်တို့က သဘာပတိများအဖြစ်ဆောင်ရွက်ခဲ့ကြပြီး တက်ရောက် လာကြသူများက နှစ်နိုင်ငံကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများ၊ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးဖော်ဆောင်နေမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)