“အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊ မြေပြင် အသက်ကယ်သင်တန်းဆင်းပွဲကျင်းပ”
12 Jun
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ပူးပေါင်းဖွင့်လှစ်တဲ့ အရေးပေါ်ကယ်ဆယ်ရေးရေပြင်၊ မြေပြင်အသက်ကယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅ ) သင်တန်းဆင်းပွဲကို ဇွန်လ ၉ ရက် ညနေပိုင်းမှာ သာကေတမြို့နယ်ရှိ လူငယ်စင်တာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားမှာ သင်တန်းဖွင့်လှစ်ခဲ့မှု မှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင် က အမှာစကားပြောကြားခဲ့ကာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ ကော်မတီမှ ပံ့ပိုးငွေကျပ် ဆယ်သိန်းလှူဒါန်းခဲ့ပါတယ်။ Emergency Medical Services Myanmar အဖွဲ့မှ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် သင်တန်းနည်းပြများအား သင်တန်းဆင်း အမှတ်တရ လက်ဆောင်နှင့် မှတ်တမ်းလွှာပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေးကော်မတီမှ Emergency Medical Services Myanmar အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ (NVS 004)