“ရွှေဘိုနှင့်ဧရာဝတီပေါ်ဆန်းဆန်များကို ဆန်စပါးကုန်စည်ဒိုင်မှာ သက်သာသောနှုန်းထားများနဲ့ရောင်းချပေးမည်”
12 Jun
ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများ တည်ငြိမ်စေရန်အတွက် ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်း ဆန်များကို ဆန်စပါးကုန်စည်ဒိုင်မှာ သက်သာသောနှုန်းထားများနဲ့ တစ်ပတ်ကို နှစ်ရက် အပတ်စဉ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရပါတယ်။ အဆိုပါရောင်းချမှုကို ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းနှင့် ကိုင်းတန်းလမ်းကြား၊ အမှတ်-၁၀၀ ရှိ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့ နှင့် ကြာသပတေးနေ့တို့တွင် ရောင်းချပေးသွား မှာဖြစ်ပါတယ်။ အခုလိုရောင်းချရာမှာ ရွှေဘိုပေါ်ဆန်း ၁၀ kg တစ်အိတ်ကို ၃၁,၀၀၀ ကျပ်နှင့် ဧရာဝတီပေါ်ဆန်း ၁၀ kg တစ်အိတ်လျှင် ၂၄,၀၀၀ ကျပ် သတ်မှတ်ကာ အိမ်ထောင်စုတစ်ခုလျှင် ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ၁၀ kg တစ်အိတ်စီဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)မှာသာ ရောင်းချပေးမှာဖြစ်ပြီး နောက်ပိုင်းမှာ အပတ်စဉ်သောကြာနေ့နှင့်စနေနေ့တို့တွင် ဈေးများသို့ အလှည့်ကျစနစ်နဲ့ လှည့်လည်ရောင်းချပေးသွား ရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ (NVS 004)