“ငလျင်ဒဏ်သင့် အများပြည်သူအတွက် Steel Structure နေအိမ်များ ဆောက်လုပ်လှူဒါန်းမည်”

12 Jun

သဘာဝဘေးငလျင်ဒဏ်ခံစားခဲ့ရပြီး အိုးအိမ်ဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် နေထိုင်နိုင်ရေးအဆင်ပြေမှု ရှိစေရန်အတွက် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)အနေနဲ့ Steel Structure နေအိမ် Modular house များ ဆောက်လုပ်လှူဒါန်းသွားရန် စီစဉ်ထားကြောင်း သိရပါတယ်။ ဆောက်လုပ်လှူဒါန်းမည့် နေအိမ်အကျယ်အဝန်းမှာ (၁၆ ပေ x ၁၈ ပေ) နှင့် အမြင့် (၁၂ ပေ) ဖြစ်၍ အောက်ခြေ သံကျင်တွယ်ခုံ၊ ကျောက်ပြားကာနံရံ၊ သွပ်မိုး၊ သွပ်ခေါင်အုပ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ပစ္စည်းတန်ဖိုး၊ အလုပ်သမားခ (ပန္နက်ရိုက်၊ မြေတူး၊ သံကျင်တွယ် စိုက်ထူ၊ သံထည်တည်ဆောက်ခ၊ တင်/ချလုပ်အားခ)နှင့် လှူဒါန်းမည့် နေရာအရောက် သယ်ပို့စရိတ်အပါအဝင် ငွေကျပ် ၆၁ သိန်းခန့် ကုန်ကျမှာဖြစ်ပါတယ်။ အလှူရှင်များအနေဖြင့် တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဗြဟ္မစိုရ်လူမှုကူညီရေး အသင်း၊ ၆၂ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၊ မန္တလေး ဖုန်း ၀၉-၂၅၉၃၆ဝဝ၁၁၊ ဝ၉-၂၅၉၃၆ဝဝ၂၂ သို့ ဆက်သွယ်လှူဒါန်းနိုင်သလို မြန်မာ့စီးပွားရေးဘဏ်၊ ငွေစာရင်းအမှတ် SF-001683၊ KBZ ဘဏ် ငွေစာရင်းအမှတ် 04130404101481201 နှင့် AYA ဘဏ် ငွေစာရင်းအမှတ် 40028192239 တို့ထံ ပေးပို့လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

12 Jun

ADVERTISE HERE .