ဘားအံဒေသသို့ ခရီးသွားလည်ပတ်မှုများပြား

11 Jun

မိုးရာသီကာလမှာ ရန်ကုန်-ဘားအံ ဘုရားဖူးခရီးစဉ် သွားရောက်လည်ပတ်မှုများလာတယ်လို့ ပြည်တွင်း ခရီးသွားလုပ်ငန်းများကနေ သိရပါတယ်။ နှစ်စဉ် မိုးရာသီကာလဆိုရင် ဘားအံနဲ့ပုဂံဘုရားဖူး ခရီးစဉ်တွေကို ပြည်တွင်း ခရီးသွားတွေ အများဆုံးလည်ပတ်လေ့ရှိကြတယ်လို့ သိရပါတယ်။ မိုးရာသီအတွင်း မြန်မာပြည်အထက်ပိုင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်တွေကိုလည်း လည်ပတ်သူများ ရှိနေပေမယ့် အခုနှစ်မှာတော့ သဘာဝဘေးအန္တရာယ် အခြေအနေကြောင့် လည်ပတ်သူ နည်းပါးခဲ့ပါတယ်။ ပွင့်လင်းရာသီကာလတွေမှာတော့ တောင်ကြီး၊ အင်းလေး၊ ကျိုက်ထီးရိုးနဲ့ ကမ်းခြေခရီးစဉ်တွေကို လည်ပတ်တဲ့ ပြည်တွင်း ခရီးသွားများတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကနေ သိရပါတယ်။ အခုနှစ်မှာ ဘားအံခရီးစဉ်ကို သွားရောက်လည်ပတ်သူတွေက ပိုမိုစိတ်ဝင်စားမှုမြင့်တက်ပြီး လည်ပတ်သူများ လာတယ်လို့ သိရပါတယ်။ ဘားအံဒေသ ဘုရားဖူးလုပ်ငန်းအများစုဟာ ခရီးသွားတွေကို ဇွဲကပင်တောင်၊ တောင်ဝိုင်း တောင်နဲ့ ဆဒ္ဒန်လိုဏ်ဂူ၊ ဘုရင့်ညီနောင်ရတနာလိုဏ်ဂူတော် စတဲ့အထင်ကရလိုဏ်ဂူတွေကို အဓိကပို့ဆောင်ပေး နေတယ်လို့ သိရပါတယ်။ ရန်ကုန်-ဘားအံ ခရီးစဉ်အတွက် ခရီးသွားကုမ္ပဏီတစ်ခုနဲ့တစ်ခု လက်မှတ်ခ ကွာခြားမှုရှိပြီး ပျှမ်းမျှအနေနဲ့ ခရီးသွားလက်မှတ်ခ လူတစ်ယောက်ကို စားစရိတ်ငြိမ်း ကျပ် နှစ်သိန်းကျော် ရှိတယ်လို့ သိရပါတယ်။(NVS 004)

11 Jun

ADVERTISE HERE .