ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၅ လတာအတွင်း နိုင်ငံခြားသားခရီးသွား တစ်သိန်းကျော်ဝင်ရောက်ခဲ့

11 Jun

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ ၅ လတာအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံခြားသားခရီးသွား တစ်သိန်းကျော်ဝင်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ကုန်ခဲ့သည့် ၂၀၂၄ ခုနှစ်ရဲ့ ဇန်နဝါရီလကနေ မေလကုန်အထိ ၅ လတာကာလတာအတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည် ၁၀၀,၀၀၀ ကျော်သာ ဝင်ရောက်ခဲ့တာဖြစ်ပြီး ယခုနှစ်ဇန်နဝါရီလကနေ မေလကုန်အထိ ၅ လတာတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်တော့ ၁၁၈,၀၀၀ ဦး ဝင်ရောက် ခဲ့တာကြောင့် ကာလတူနဲ့နှိုင်းယှဉ်ရင် ၁၇,၀၀၀ ကျော်ခန့် ပိုမိုဝင်ရောက်ခဲ့ပါတယ်။ ဝင်ရောက်လာသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များတွင် အများစုသည့် တရုတ်နှင့် ထိုင်းနိုင်ငံသားများ ဖြစ်ကာ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ရုရှားနှင့် အမေရိကန် အပါအဝင် အခြားပြည်ပနိုင်ငံများမှ ခရီးသွားဧည့်သည်များလည်း ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ ပြည်ဝင်ဗီဇာများအနေနဲ့ Business Visa ဖြင့် အများဆုံးဝင်ရောက်ခဲ့ကြသလို Tourist Visa ၊ e-Visa တို့ဖြင့် ဝင်ရောက်သည့် ခရီးသည်များလည်း အများအပြား ရှိကြောင်း သိရပါတယ်။(NVS 004)

11 Jun

ADVERTISE HERE .