လက်ရှိစျေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေတဲ့ ယာမယ်လ်
10 Jun
အပြောင်းအရွှေ့ဈေးကွက်၏ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ စာရင်းများအရ စျေးကွက်တန်ဖိုး အမြင့်ဆုံး ကစားသမားစာရင်းမှာ ဘာစီလိုနာကစားသမား လာမဲလ်ယာမယ်လ် က ထိပ်ဆုံးနေရာတွင် ရပ်တည်နေပါတယ်။ ယာမယ်လ် ဟာ ဇူလိုင်လမှသာ အသက် ၁၈ နှစ်ပြည့်မှာဖြစ်ပြီး စပိန်နဲ့ဘာစီလိုနာအသင်းတို့ရဲ့ ဆယ်ကျော်သက် ကစားသမားကို အပြောင်းအရွှေ့ဈေးကွက်က စျေးကွက်တန်ဖိုး ယူရိုသန်း ၂၀၀ သတ်မှတ်ထားပါတယ်။ ဒုတိယနေရာမှာတော့ ရီးရဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်၊ မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ ရီးရဲလ်တိုက်စစ်မှူး ဘာပေ တို့က ယူရိုသန်း ၁၈၀ စီနဲ့ ပူးတွဲရပ်တည်နေပါတယ်။ စျေးကွက်တန်ဖိုးအမြင့်ဆုံး ကစား သမား ၁၀ ဦးစာရင်းမှာ လာလီဂါကစားသမား ၆ ဦးအထိ အများဆုံးပါဝင်နေပြီး ပရီးမီးယားလိဂ်နဲ့ ဘွန်ဒစ်လီဂါက ၂ ဦးစီ ပါဝင်နေခဲ့ပါတယ်။ (NVS 008)
10 Jun