“အမေရိကန်၏ နျူကလီးယားသဘောတူညီချက်ရရှိရန် အဆိုပြုချက်သည် အငြင်းပွားဖွယ်ဖြစ်ကြောင်း အီရန် တာဝန်ရှိသူ ပြောကြား”
10 Jun
အမေရိကန်၏နျူကလီးယား သဘောတူညီချက်ရရှိရန် အဆိုပြုချက်သည် အီရန်အပေါ် အရေးယူပိတ်ဆို့မှု များ ဖယ်ရှားရန်အချက် ပါဝင်ခြင်းမရှိသည့်အတွက် အငြင်းပွားဖွယ်ဖြစ်ကြောင်း အီရန်ပါလီမန်အကြီးအကဲ မိုဟာမက် ဗာကွာကွာလီဗတ် က ပြောကြားသည်။ တီဟီရန်တွင် ကျင်းပသည့် ပါလီမန်အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။ အီရန်အနေဖြင့် နိုင်ငံ၏နျူကလီးယားထုတ်လုပ်ရေးလုပ်ငန်းအား ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်ထားကြောင်းနှင့် ငြိမ်းချမ်းစွာ ဆောင်ရွက်နိုင်ရန်အတွက် အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ဖယ်ရှားပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ အမေရိကန်၏ ယခုနျူကလီးယားအရေး အဆိုပြုချက်သည် အီရန်အား ဆန့်ကျင်သည့်အချက်များ ပါဝင်နေ ကြောင်း ၎င်းက ပြောကြားသည်။ အမေရိကန်သမ္မတထရမ့်အနေဖြင့် အီရန်အပေါ်ရပ်တည်ချက်ကို ပြန်လည် သုံးသပ်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အီရန်နှင့်အမေရိကန်အကြား နျူကလီးယားအရေး ဆွေးနွေးပွဲ ငါးကြိမ်ကျင်းပခဲ့ရာတွင် အမေရိကန် က အီရန်၏ယူရေနီယံသတ္တုထုတ်လုပ်ခြင်းကို ရပ်တန့်ရေး တောင်းဆိုခဲ့ပြီး အီရန်က ၎င်းအချက်ကိုငြင်းဆိုခဲ့သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။