“တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ “ကမ္ဘာလုံးဆိုင်ရာစီမံချက်များ” ကိုအကောင်အထည်ဖော် ဆောင်ရွက် သွားရန် တရုတ်သမ္မတ ရှီကျင့်ဖျင် က ဆန္ဒဖော်ပြ”

09 Jun

တရုတ်သမ္မတ ရှီကျင့်ဖျင် က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှု စီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံပြည်သူ များအတွက် ပိုမိုကောင်းမွန်သည့် အကျိုးစီးပွားများကို အတူတကွဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်း မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါတယ်။ သမ္မတ ရှီကျင့်ဖျင် က ပြီးခဲ့သည့်မေလက အဆွေတော်နှင့် ရုရှားနိုင်ငံ၌တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အေးအတူပူအမျှအသိုက်အဝန်း မြှင့်တင်ထူထောင်ခြင်းနှင့်ပတ်သက်၍ အရေးကြီးသည့် သဘောတူညီချက်များ ရရှိခဲ့ပါကြောင်းနှင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံ အတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း ဖော်ပြခဲ့ပါတယ်။ အဆိုပါ သဝဏ်လွှာဖော်ပြချက်တွေအရ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု စီမံကိန်း များ အရှိန်အဟုန်မြှင့်ဖော်ဆောင်ရန်အပြင် တရုတ်နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာစီမံချက်တွေဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံချက်၊ လုံခြုံရေးစီမံချက်၊ လူသားယဉ်ကျေးမှုဆိုင်ရာစီမံချက်တွေကို မြန်မာနိုင်ငံနှင့်အတူ အကောင်အထည်ဖော်ဖို့ တရုတ်တို့ရဲ့ဆန္ဒကို သမ္မတ ရှီကျင့်ဖျင် အနေနဲ့ အလေးထားဖော်ပြလိုက်တာဖြစ်တယ်လို့ တွေ့ရှိရမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအဖြစ် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည်မှာ ၂၀၂၅ ခုနှစ်မှာ (၇၅) နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါတယ်။

09 Jun

ADVERTISE HERE .