ကုန်ဈေးနှုန်းသတင်း ၉.၆.၂၀၂၅
09 Jun
ဇွန်လ ၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး ဆက်တိုက်ကျဆင်းနေပြီး ပဲစင်းငုံနီ၊ ကြက်သွန်နီနဲ့ မန်ကျည်းသီးဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ ထန်းလျက်၊ သကြားနဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၅,၈၁၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၅,၉၄၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၄,၉၃၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၈၈,၇၁၄ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၆,၁၈၅ ကျပ်ကနေ ၇,၈၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၀၈၅ ကျပ်ကနေ ၆,၁၉၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၉၁၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၁၂၅ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၈၅၀ ကျပ်ကနေ ၁,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၆၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၅၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၆၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၄၅ ကျပ်၊ မန္တလေးမှာ ၂,၉၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၂၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၉၅ ကျပ်၊ မန္တလေးမှာ ၃,၀၀၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၇၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၃၇၅ ကျပ်၊ မန္တလေးမှာ ၂,၄၉၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၅၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၉၅၀ ကျပ်၊ မန္တလေးမှာ ၃,၀၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၃၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၈၂၀,၀၀၀/-) ငါးဆယ် ရှစ်သိန်း နှစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၇၃၀,၀၀၀ိ/-) ခုနစ်ဆယ် ခုနစ်သိန်း သုံးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။