“မေလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့ခဲ့”

09 Jun

ပြီးခဲ့တဲ့ မေလအတွင်းက ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းခွဲကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ ပြည်ပသို့ ကုမ္ပဏီပေါင်း ၆၀ က ဆန်တန်ချိန် ၁၄၇,၈၈၂ ဒသမ ၃ တန်နှင့် ဆန်ကွဲ တန်ချိန် ၁၁၁,၆၁၉ တန်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ ဆန်တင်ပို့မှုအနေနဲ့ ဖိလစ်ပိုင်၊ တရုတ်၊ စပိန်၊ နယ်သာလန်နိုင်ငံများသို့ ဆန်တန်ချိန် အများဆုံးတင်ပို့ခဲ့ပြီး ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ တရုတ်၊ အင်ဒိုနီးရှား ၊နယ်သာလန်၊ UK နိုင်ငံ အစရှိသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၏ ဆန်တင်ပို့မှုအနေနဲ့ ဧပြီလမှာ ဆန်တန်ချိန် ၁၄၂,၇၈၈ တန်နှင့် မေလမှာ ၂၅၉,၅၀၁ ဒသမ ၃ တန် တင်ပို့ထားကြောင်း သိရပါတယ်။ (NVS 004)

09 Jun

ADVERTISE HERE .