အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆွေးနွေးပွဲတစ်ရပ်ကို လန်ဒန်မြို့၌ကျင်းပမည်
08 Jun
အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ဇွန်လ ၉ တွင် ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့ကြောင်းသိရသည်။ အဆိုပါ ဝန်ကြီးအဆင့်ဆွေးနွေးပွဲကို အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးတင်းမာနေစဉ် ကျင်းပခြင်းဖြစ်ပြီး ၎င်းဆွေးနွေးပွဲတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဟောင်း ဝပ်လက်နစ်၊ အမေရိကန်ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူ ဂျမီဆင်ဂရီးယား တို့က တရုတ်ကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ၎င်းတွေ့ဆုံဆွေးနွေးပွဲသည် နှစ်နိုင်ငံကြား လက်သင့်ခံနိုင်မည့် ရလဒ်များကို ထွက်ပေါ်လာစေနိုင်မည်ဟု ယုံကြည်ကြောင်း ထရမ့် က ဇွန်လ ၆ ရက် တွင်ပြောသည်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်ကျင်းပမည့် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲ၌ မြေရှားသတ္တုကဏ္ဍနှင့် စပ်လျဉ်း၍ အဓိကဦးစားပေး ဆွေးနွေးမည်ဖြစ်ကြောင်း ထရမ့် ၏ ကုန်သွယ်ရေးဆိုင်ရာအကြံပေး ပီတာနာဗာရို က ပြောကြားခဲ့ကြောင်း သိရသည်။