လေဗာကူဆင်အသင်းက အန်တိုနီ နဲ့ ဂါနာချို တို့ကို ခေါ်ယူရန်ပစ်မှတ်ထား
07 Jun
လေဗာကူဆင်အသင်း နည်းပြသစ် အဲရစ်တန်ဟက်ဂ် က မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမား နှစ်ဦးဖြစ်တဲ့ အန်တိုနီ နဲ့ ဂါနာချို တို့ကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ မန်ယူအသင်း နည်းပြဟောင်းဖြစ်သူ တန်ဟက်ဂ် က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေဗာကူဆင်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပြီးနောက် အသင်းကိုပြင်ဆင်ဖွဲ့စည်းရန် စီစဉ်နေရာမှာ အသင်းဟောင်းမှ ကစားသမား နှစ်ဦးကို ပစ်မှတ်ထားနေခြင်းဖြစ်ပါတယ်။ လက်ရှိမန်ယူအသင်းနည်းပြ အာမိုရင်မ် နဲ့ အဆင်မပြေဖြစ်နေတဲ့ ဂါနာချို အပြင် ဘက်တစ်အသင်းသို့ ရာသီဝက်အငှားချထားတဲ့ အန်တိုနီ တို့ကို ယခုနွေရာသီတွင် ရောင်းထုတ်ရန် မန်ယူအသင်းက စီစဉ်နေတာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းက ဂါနာချို အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ နဲ့ အန်တိုနီ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဝန်းကျင် အလိုရှိနေကြောင်း သိရပါတယ်။(NVS 008)
07 Jun