ဘိုင်ယန်မြူးနစ်အသင်းက ရာဖေးလီယာအို အား ခေါ်ယူရန်ဆွေးနွေး

07 Jun

ဘိုင်ယန်မြူးနစ်အသင်းက အေစီမီလန်အသင်း တောင်ပံကစားသမား ရာဖေးလီယာအို အား ခေါ်ယူရန် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပါတယ်။ အသက် ၂၅ နှစ်အရွယ် ရာဖေးလီယာအို အနေနဲ့ အေစီမီလန်အသင်းနှင့်အတူ ၂၀၁၉-၂၀၂၀ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၆ဝ ကစားပြီး ဂိုး ၇၀ အထိသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဘိုင်ယန် မြူးနစ်အသင်းက ခေါ်ယူရန် ဆွေးနွေးလာခြင်းဖြစ်ပါတယ်။ ရာဖေးလီယာအို ကိုယ်တိုင်ကလည်း လက်ရှိအချိန်မှာ အေစီမီလန်အသင်း တာဝန်ရှိသူများနဲ့ အဆင်မပြေ ဖြစ်နေခြင်းကြောင့် အသင်းမှထွက်ခွာချင်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းက လက်ရှိဈေးကွက် အတွင်း အေစီမီလန်အသင်းထံမှ ရာဖေးလီယာအို အား ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)

07 Jun

ADVERTISE HERE .