နွေရာသီဈေးကွက်အတွင်း စပါးအသင်းမှ ထွက်ခွာသွားဖွယ်ရှိတဲ့ ဆွန်ဟောင်မင်
07 Jun
စပါးအသင်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင် အနေနဲ့ လက်ရှိနွေရာသီဈေးကွက်အတွင်း အသင်းမှ ထွက်ခွာသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိ တိုက်စစ်မှူးကို လက်ရှိ အချိန်တွင် ဆော်ဒီပရိုလိဂ် ကလပ်အသင်းများအပြင် ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန် စိတ် ဝင်စားလျက် ရှိနေပါတယ်။ တိုက်စစ်မှူး ဆွန်ဟောင်မင် အနေနဲ့ စပါးအသင်းနှင့်အတူ ၂၀၁၅-၂၀၁၆ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၄၅၄ ပွဲကစားပြီး ၁၇၃ ဂိုးသွင်းယူကာ ခြေစွမ်းပြထားသလို ယခုနှစ်ဘောလုံးရာသီတွင်လည်း စပါးအသင်း ယူရိုပါလိဂ် ချန်ပီယံဆုဖလား ရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။(NVS 008)
07 Jun