ဖနောင့်ဒဏ်ရာကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်မည့် ကိုဗာဆစ်”
07 Jun
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ကိုဗာဆစ် ဟာ ဖနောင့်ဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်လို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်နိုင်ကြောင်း သိရပါတယ်။ ကိုဗာဆစ် ဟာ ပြီးခဲ့တဲ့မေလကတည်းက ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါဒဏ်ရာကို လက်ရှိအချိန်မှသာ ခွဲစိတ်ကုသမှုခံယူရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ကိုဗာဆစ် အနေနဲ့ မန်စီးတီးအသင်းနှင့်အတူ ၂ဝ၂၃-၂၀၂၄ မှ လက်ရှိဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ၈၈ ပွဲကစား ပြီး ၁ဝ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက ကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်အဖြစ် လာမည့် ဇွန် ၁၈ ရက်တွင် မော်ရိုကိုချန်ပီယံ ဝိုင်ဒက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။(NVS 008)
07 Jun