သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)သို့ မျက်စိကုသလိုသူများ စာရင်းပေးသွင်းနိုင်ပြီ

07 Jun

(၁၃)ကြိမ်မြောက်အဖြစ် မျက်စိဝေဒနာရှင်များအား စက္ခုဒါနပြုမှာဖြစ်လို့ ကုသလိုသူများအနေနဲ့ စာရင်း ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)က အသိပေးကြေညာထားပါတယ်။ မျက်စိအလင်းအလှူကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)တွင် (၁၃)ကြိမ်မြောက်အဖြစ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ မျက်စိကုသလိုသူများအနေဖြင့် ဇွန် ၂၀ ရက်၊ နံနက် ၇ နာရီမှစတင်ကာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) စာကြည့်တိုက်ရုံးခန်း၊ ဘေလီတံတားအဆင်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ ကိုယ်တိုင်(သို့မဟုတ်)ကိုယ်စား စာရင်း လာရောက်ပေးသွင်းနိုင်‌ကြောင်း သိရပါတယ်။ ထို့အတူ သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝင်းအတွင်းရှိ သီပေါသီတဂူစက္ခုဒါနဆေးရုံကြီးကိုလည်း ဇွန်လ ၁၂ ရက်မှစတင်ကာ အခမဲ့ဖွင့်လှစ်ကုသပေးမှုများကို ပြန်လည်၍ကုသိုလ်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် အဆိုပါဆေးရုံအား သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပြီး ၎င်းဆေးရုံကြီးအား သီတဂူ ဆရာတော်ကြီးက ၂၀၀၈ ခုနှစ်အတွင်း ဦးစီးဖွင့်လှစ်ပေးခဲ့ပြီး ကျပ်သိန်း ၁,၃၃၃ ခန့် အကုန်အကျခံ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။(NVS 004)

07 Jun

ADVERTISE HERE .