နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေး ကျင်းပမည်

07 Jun

နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေးကို ၂၀၂၅ ခုနှစ် ဇွန် ၂၃၊ ၂၄၊ ၂၅၊ ၂၆ ရက်(၁၃၈၇ ခုနှစ် နယုန်လပြည့်ကျော် ၁၃၊ ၁၄ ရက်၊ ဝါဆိုလဆန်း ၁၊ ၂ ရက်) တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တို့တွင် အကြိုညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၅ ခုနှစ် ဇွန် ၂၇၊ ၂၈ ရက်(၁၃၈၇ ခုနှစ် ဝါဆိုလဆန်း ၃၊ ၄ ရက်) သောကြာ၊ စနေနေ့တို့တွင် ဒုတိယအစည်းအဝေးကြီးကို ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ အနေနဲ့ ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်(၁၃၈၇ ခုနှစ် နယုန် လပြည့်ကျော် ၁၂ ရက်) တနင်္ဂနွေနေ့အရောက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေသို့ ကြွရောက်တော်မူပါရန် ပင့်လျှောက်စာများဖြင့် ပင့်လျှောက်ထားပြီးဖြစ်ပါတယ်။ ပင့်လျှောက်စာများ အချိန်မီမရောက်ရှိပါကလည်း အထက်ပါ နေ့/ရက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့ ကြွရောက်တော်မူကြပါရန် ပင့်လျှောက်အပ်ပါကြောင်း သာသနာရေးဦးစီးဌာနမှ သိရပါတယ်။(NVS 004)

07 Jun

ADVERTISE HERE .