ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရုရှားတပ်များ ပြင်းထန်စွာတိုက်ခိုက်

07 Jun

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရုရှားတပ်များက ဇွန်လ ၆ ရက်တွင် ဒုံးကျည်များ၊ မောင်းသူမဲ့လေယာဉ် များဖြင့် ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မဟာဗျူဟာဗုံးကြဲလေယာဉ်များကို တိုက်ခိုက်ခဲ့သည့်အတွက် ယူကရိန်းကို တုံ့ပြန်မည်ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင် က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မှတစ်ဆင့် သတိပေးခဲ့ပြီးနောက် ရုရှားတပ်များက ကိယက်ဗ်မြို့ကို ပြင်းထန်စွာတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ရုရှားတပ်များ၏ တိုက်ခိုက်မှုကြောင့် လူလေးဦးသေဆုံးပြီး ဦးရေ ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း ကိယက်ဗ်မြို့တော်ဝန် ဗီတာလီကတ်ချ်ကို က ထုတ်ဖော်ပြောကြားထားသည်။ ဒါ့အပြင် ရထားလမ်းများကို ရုရှားဒုံးကျည်များ ထိမှန်မှုကြောင့် ကိယက်ဗ်မြို့၏ ရထားလမ်း သယ်ယူ ပို့ဆောင်ရေးစနစ်များ ကမောက်ကမဖြစ်ခဲ့ရသည်။ ယူကရိန်းနိုင်ငံသည် ဇွန်လပထမပတ်အတွင်းက ရုရှားနိုင်ငံ အတွင်းရှိ လေတပ်စခန်းများကို မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ ရုရှားနိုင်ငံ၏ မဟာဗျူဟာဗုံးကြဲ လေယာဉ်အချို့ ပျက်စီးခဲ့ရသည်။ ယူကရိန်း၏ အဆိုပါတိုက်ခိုက်မှုကို တုံ့ပြန်ရေးအတွက် ရုရှားနိုင်ငံက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

07 Jun

ADVERTISE HERE .