“ကုန်သွယ်ရေးတင်းမာမှုကြောင့် တရုတ်နှင့်အမေရိကန်တို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်း လျော့ကျ”
06 Jun
တရုတ်နိုင်ငံနှင့်အမေရိကန်ပြည်ထောင်စုတို့ကြား ဖြစ်ပွားသည့် ကုန်သွယ်ရေးတင်းမာမှုကြောင့် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုသည် ယခုနှစ် ဧပြီလတွင် ၂၀ ရာခိုင်နှုန်း လျော့ကျသွားသည်ဟု တရုတ် အကောက်ခွန် ဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း၌ ဒေါ်လာ ၅၆ ဒသမ ၄ ဘီလီယံရှိခဲ့သော်လည်း ယခုနှစ် ဧပြီလတွင်မူ ဒေါ်လာ ၄၅ ဒသမ ၆ ဘီလီယံအထိ ကျဆင်းသွားသည်။ အကယ်၍ ကုန်သွယ်ရေးတင်းမာမှု အခြေအနေသည် ပိုမိုဆိုးရွားလာမည် ဆိုပါက နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ထပ်မံကျဆင်းလာနိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးဖြစ်သူ အိုလ်ဂါဘီလန် ကာယာ က သတိပေးထားသည်။ ထို့ပြင် တရုတ်နှင့်အမေရိကန်ပြည်ထောင်စုတို့ကြား အပြန်အလှန်ကုန်သွယ်မှု ကျဆင်းလာခြင်းသည် တရုတ်နိုင်ငံအတွင်းရှိ စက်မှုထုတ်ကုန်ပစ္စည်းဝယ်လိုအားကို ကျဆင်းလာစေနိုင်သည်။ လက်ရှိတွင် တရုတ်နိုင်ငံ သည် စက်မှုကုန်ကြမ်းပစ္စည်း အများဆုံးကို တင်သွင်းနေသည့်နိုင်ငံဖြစ်ကြောင်း အကဲဖြတ်တစ်ဦးဖြစ်သူ နီကိုလိုင် ဒက်ချင်ကို က ပြောသည်။ ထို့ပြင် ကုန်သွယ်ရေးတင်းမာမှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များ ကို အခြားနိုင်ငံများသို့ ဖြန့်ကြက်တင်ပို့ရန်လိုအပ်နိုင်ဖွယ် ရှိကြောင်း ကျွမ်းကျင်သူများကပြောသည်ဟု Ivz သတင်း ဌာနဖော်ပြချက်အရ သိရသည်။