“ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်မှာ ဆာဘာလန်ကာနှင့် ကိုကိုဂတ်ဖ် တို့ တွေ့ဆုံနေ”
06 Jun
ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၁) ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ နှင့် ကမ္ဘာ့အဆင့် (၂) အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဇွန်လ ၆ ရက်အစောပိုင်းက ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ ဆီးမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၁) ဘီလာရုစ် တင်းနစ်မယ် ဆာဘာလန်ကာ က ကမ္ဘာ့အဆင့် (၅) ပိုလန်တင်းနစ်မယ် ဆွီယာတက်ဖ် ကို (၇-၆၊ ၄-၆၊ ၆-၀) ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အဆင့် (၂) အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် က ပြင်သစ်တင်းနစ်မယ် လစ်ဘွန်း ကို ၆-၁၊ ၆-၂ ဆိုတဲ့ ရလဒ်နဲ့ နှစ်ပွဲပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ ကမ္ဘာ့အဆင့် (၁) ဘီလာရုစ် တင်းနစ်မယ် ဆာဘာလန်ကာ နှင့် ကမ္ဘာ့အဆင့် (၂) အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ် တို့ဟာ ဇွန်လ ၇ ရက်တွင် ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။ (NVS 008)