“ကော်ဒီရို ကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တဲ့ နယူးကာဆယ်အသင်း”
06 Jun
နယူးကာဆယ်အသင်းက မာလာဂါအသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် စပိန်ဆယ်ကျော်သက် တောင်ပံကစားသမား အန်တိုနီယိုကော်ဒီရိုကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ စပိန်ယူ-၁၉ ကစားသမားက ဇွန် ၃၀ မှာ မာလာဂါနဲ့ စာချုပ်သက်တမ်းကုန်မှာပါ။ ဒါကြောင့် ကော်ဒီရိုဟာ နယူးကာဆယ်အသင်းနဲ့ ဇူလိုင်လ ၁ ရက်မှသာ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။ ကော်ဒီရို ကတော့ သူဟာ ရည်မှန်းချက်မြင့်မားတဲ့ လူတစ်ယောက်ဖြစ်ကြောင်းနဲ့ နယူးကာဆယ်အသင်းမှာ ရနိုင်သမျှ ဆုဖလားအားလုံး ရယူသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကော်ဒီရိုက အမြင့်ဆုံးအဖြစ် စပိန်ဒုတိယတန်း(ဆီဂန်ဒါ)မှာသာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ (NVS 008)
06 Jun