“Ballon d'Or ဆုကို ဒမ်ဘီလီသာ ရသင့်တယ်လို့ပြောကြားလိုက်တဲ့ ပြင်သစ်နည်းပြ ဒက်ချမ့်”

06 Jun

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်ချမ့်က ဒီနှစ် Ballon d'Or ဆုကို ဒမ်ဘီလီ သာ ရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်ကစားသမား ဒမ်ဘီလီ က ၂၀၂၄-၂၅ ရာသီမှာ PSG အသင်းအတွက် အကောင်းဆုံး ခြေစွမ်း ပြသခဲ့ပြီး ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးအောင်ပွဲ ရရှိခဲ့တာကြောင့် Ballon d'Or ဆုရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် Nations League နဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အောင်မြင်မှုမရခဲ့ရင် ပြိုင်ဘက်တွေက အသာစီးရသွားနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒက်ချမ့်ကတော့ Nations League နဲ့ ကလပ်ကမ္ဘာ့ဖလားမှာ ဒမ်ဘီလီ ကျရှုံးခဲ့ပါကလည်း Ballon d'Or ဆုကို ရထိုက်တယ်လို့ ထောက်ခံပြောကြား ခဲ့ပါတယ်။ (NVS 008)

06 Jun

ADVERTISE HERE .