“ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ခွင့်ပေးဖို့ အေစီမီလန်အသင်းကို တောင်းဆိုခဲ့တဲ့ မီနွန်”
06 Jun
အေစီမီလန်ဂိုးသမား မီနွန် က ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီး ချဲလ်ဆီးအသင်းဟာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ပြင်လက်ရွေးစင်ဂိုးသမား မီနွန် ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အခုအခါ မီနွန် ကိုယ်တိုင်ကလည်း ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေပြီး အေစီမီလန်အသင်းကို အသင်းကနေထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြနေ ကြပါတယ်။ အေစီမီလန်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ မီနွန် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ၂၅ သန်းကြား အလိုရှိနေပြီး ချဲလ်ဆီးအသင်းက ပေးချေဖို့ အသင့်ရှိတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ အခုနွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေပြုလုပ်နေပြီး လက်ရှိမှာ တန်းဆင်းသွားတဲ့ အစ်ဝစ်ချ်တိုက်စစ်မှူး ဒီလပ် ကို ခေါ်ယူထားသလို ဒေါ့မွန်တောင်ပံကစားသမား ဂစ်တင်စ် ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ (NVS 008)