“ထိုင်းနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းမှ ပြောင်းများ တင်ပို့နေ”

05 Jun

ထိုင်းနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှ ပြည်တွင်းပြောင်းများ တင်ပို့နေကြောင်း ပြောင်းတင်ပို့သူများထံမှ သိရပါတယ်။ ပြည်တွင်း ပြောင်းပေါက်ဈေးမှာ ထိုင်းနိုင်ငံသို့တင်ပို့ရရှိတဲ့ ပြောင်းဈေးပေါ်မူတည်ပြီး ဈေးအတက်၊ အကျ ဖြစ်လေ့ ရှိရာ လက်ရှိမှာတော့ ပြည်တွင်းပြောင်းဈေးကွက်သို့ ဧရာဝတီပြောင်းများသာ အဓိကဝင်ရောက်နေခြင်းဖြစ်ပါတယ်။ ပြောင်းပေါက်ဈေးက မေလကုန်ပိုင်းမှာ ရန်ကုန်အဝယ်ဈေး ပြောင်းတစ်ပိဿာလျှင် ငွေကျပ် ၁,၇၂၀၊ ဧရာဝတီပြောင်း တစ်ပိဿာလျှင် ငွေကျပ် ၁,၇၃၅ ၊ မန္တလေးဈေးကွက်တွင် ၅၄ ပိဿာ ပြောင်းတစ်အိတ်လျှင် ငွေကျပ် ၈၂,ဝဝဝ၊ ၅၄ ပိဿာ (ရှမ်း) ပြောင်းတစ်အိတ်လျှင် ငွေကျပ် ၈၄,၀၀၀ မှ ၈၅,၀၀၀၊ ပြောင်းဖူး(CP) ၅၄ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၈၄,၅ဝဝ မှ ၈၅,ဝဝဝ၊ အထွက်တိုးပြောင်း(နီ) ၅၃ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၇၉,ဝဝဝ မှ ၈ဝ,ဝဝဝ အသီးသီး ဈေးရရှိနေကြောင်း သိရပါတယ်။ (NVS-004)

05 Jun

ADVERTISE HERE .