“အင်းလေးဒေသအတွင်း ထိခိုက်ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ရေးလုပ်ငန်း ၉ဝ ရာခိုင်နှုန်းကျော်ပြီးစီး”
05 Junမန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း လျှပ်စစ်ဓာတ်အားလိုင်း များ၊ ထရန်စဖော်မာများ၊ ဓာတ်အားတိုင်များ၊ နေအိမ်များသို့ သွယ်တန်းထားသည့် ဓာတ်အားကြိုးများ ယိုင်နဲ့တိမ်းစောင်း ခြင်း၊ ကျိုးပဲ့ပျက်စီးခြင်းများဖြစ်ပေါ်၍ ကျေးရွာပေါင်း ၃၂၁ ရွာ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့ရပါတယ်။ အဆိုပါ ထိခိုက်ပျက်စီးသွားသည့် လျှပ်စစ်ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ၊ လျှပ်စစ်မီးကြိုးများ ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် ယိုင်နဲ့ကျိုးပဲ့သွားသည့် ဓာတ်အားတိုင်များ တည့်မတ်ပြုပြင်ခြင်း၊ အသစ်စိုက်ထူခြင်းလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ကျွမ်းကျင်ပညာရှင်များ၊ လုပ်သားများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်ထိ ကျေးရွာပေါင်း ၃၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားပုံမှန်ရရှိနိုင်ရေး ဆောင်ရွက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၄၄ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ကျန်ရှိနေသေးသည့် ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားလိုင်းများ ပုံမှန်ဖြန့်ဖြူးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိနေကြောင်း သိရပါတယ်။ (NVS-004)