“ပဲခူးတိုင်းဒေသကြီး၌ ပတ်ဝန်းကျင်ရေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်း ၁၄၄ ကြိမ် ဆောင်ရွက်မည်”
05 Jun
ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ယခုဘဏ္ဍာနှစ်တွင် ပတ်ဝန်းကျင်ရေထုအရည် အသွေး တိုင်းတာစစ်ဆေးခြင်းကို ၁၄၄ ကြိမ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေနဲ့ လစဉ်စီမံချက်များရေးဆွဲပြီး တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသောနေရာများ၌ ရေထုအရည်အသွေးတိုင်းတာခြင်း လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်းမှာ ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ရေထုအရည် အသွေး တိုင်းတာခြင်းလုပ်ငန်းတွေကို တစ်လလျှင် ၁၂ ကြိမ်နှုန်းနဲ့ စုစုပေါင်း ၁၄၄ ကြိမ်လျာထားပြီး ဆောင်ရွက် နေပါတယ်။ ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာတဲ့အခါ ပြည်သူလူထုကို သတိပေးချက်ထုတ်ပြန်နိုင်ရန်၊ သက်ဆိုင်ရာဌာန များနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ရေထုညစ်ညမ်းမှုတွေကို လျှော့ချနိုင်မယ့်အစီအစဉ်တွေကို ချမှတ်ရေးဆွဲပြီး အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ အဆိုပါ ပတ်ဝန်းကျင်ရေထုအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းများကို မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ အင်းအတွင်းစီးဝင်လျက်ရှိသော ဘုရားကလေးချောင်း၊ ဝမ်းဘဲအင်းချောင်းနှင့် ပျဉ်ပုံချောင်း၊ ပဲခူးတိုင်းဒေသ ကြီးအတွင်း စီးဆင်းနေသော ဧရာဝတီမြစ်၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ် တို့အပြင် ကန်တော်ကြီး ရေဝေရေလဲဧရိယာ၊ လိပ်ပြာကန်၊ ဟံသာဝတီကျုံးနှင့် တောင်ငူကျုံးတို့တွင် လစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လက်ရှိမှာ ပဲခူးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ရေထုအရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများနှင့်အတူ ဒေသခံပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မှာကြားထားကြောင်း သိရပါတယ်။ (NVS-004)