“သဘာဝဘေးအန္တရာယ်အားလုံးနှင့် အကျုံးဝင်သည့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်(SOP) ကိုရေးဆွဲမည်”

05 Jun

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၅-၂၀၂၆)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမတွင် ဇွန်လ ၄ ရက်၌ကျင်းပခဲ့ပြီး စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဌ စက်မှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ငလျင်အပြင် သဘာဝဘေးအန္တရာယ်အားလုံးနှင့် အကျုံးဝင်သည့် စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်(SOP)ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးတွင် စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ကော်မတီအဖွဲ့ဝင်များအနေနဲ့ ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စက်ပစ္စည်းများအားစစ်ဆေး၍ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်(SOP)ကို စက်မှု၊ လျှပ်စစ်၊ ပညာရှင်အင်ဂျင်နီယာများ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့အား တာဝန်ပေးအပ်၍ ရေးဆွဲခြင်းနှင့် ငလျင်ဘေးအပြင် သဘာဝဘေးအန္တရာယ်အားလုံးနှင့် အကျုံးဝင်သည့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်(SOP)ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အစိုးရဌာနဆိုင်ရာ စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ပြန်လည်တပ်ဆင်ခြင်းလုပ်ငန်းများအတွက် စံချိန်စံညွှန်းများနှင့်အညီ SOP ရေးဆွဲနိုင်ရန်အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကျွမ်းကျင်ပညာရှင်များနှင့် စက်ပစ္စည်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ၊ SOP ရေးဆွဲရာတွင် တာဝန်ပေးအပ်သည့် အင်ဂျင်နီယာကိုယ်စားလှယ်တို့ဖြင့် ညှိနှိုင်းဆွေးနွေးနိုင်ရန် ရည်ရွယ်ကာ အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ကျွမ်းကျင်ပညာရှင်များက ငလျင်ကြောင့် စက်ရုံ/အလုပ်ရုံများတွင် လေအေး ပေးစနစ်နှင့် စက်စွမ်းအားသုံး လေဝင်လေထွက်စနစ် ထိခိုက်ပျက်စီးမှုမှ ကာကွယ်တားဆီးခြင်း (Prevention of Earthquake Disasters or ACM Systems in Factories)၊ ငလျင်အပြီး စက်ရုံ/အလုပ်ရုံများတွင် လေအေးပေးစနစ်နှင့် စက်စွမ်းအားသုံး လေဝင်လေထွက်စနစ် ထိခိုက်ပျက်စီးမှုစစ်ဆေးခြင်း (Post Earthquake Disasters Inspection for ACMV Systems in Factories) ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကနှင့် ဒုတိယဥက္ကဋ္ဌတို့က ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စက်နှင့် စက်ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်အဆင့်ဆင့်များ လုပ်ဆောင်ခြင်း၊ ကော်မတီအဖွဲ့ဝင်များက ဝန်ကြီးဌာနများတွင် တပ်ဆင်အသုံးပြုလျက်ရှိသည့် စက်ပစ္စည်းများအားလုံး နှင့် အကျုံးဝင်သည့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် သတ်မှတ်နိုင်ရေးတို့ကို ဝိုင်းဝန်းရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

05 Jun

ADVERTISE HERE .