“တံတားနှစ်စင်းဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့်ဖောက်ခွဲရေးပစ္စည်းများမှာ အခြားနိုင်ငံမှထုတ်လုပ် ထားသည့် ပစ္စည်းများဖြစ်ဟု ရုရှားပြော”

05 Jun

ရုရှားနိုင်ငံအတွင်းရှိ တံတားနှစ်စင်း ဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ အခြားနိုင်ငံမှထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်ကြောင်း ရုရှားထောက်လှမ်းရေးကော်မတီအကြီးအကဲ အလက်ဇန္ဒား ဘက်စတီခင် က ဇွန်လ ၄ ရက်တွင်ပြောကြားလိုက်သည်။ အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို ယူကရိန်းထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှု တွင် လူခုနစ်ဦးသေဆုံးခဲ့ကြောင်း ဘက်စတီခင် က သမ္မတဗလာဒီမာပူတင်နှင့် ကျင်းပသည့် အစိုးရအဖွဲ့ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။ ရုရှားနိုင်ငံအတွင်းဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှု သုံးခုစလုံးတွင် ရရှိခဲ့သည့် သက်သေအထောက်အထား များအရ အဆိုပါတိုက်ခိုက်မှုများအား ယူကရိန်းထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကို သက်သေပြ လျက်ရှိသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ ဖေဗုံးများဖြစ်ပြီး ယင်းဗုံးများသည် အဖျက်စွမ်းအား ပြင်းထန်သည့် TNT ၁၅ ကီလိုဂရမ်ရှိကြောင်း သိရသည်။ ရုရှားနိုင်ငံရှိ ဒေသနှစ်ခုတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များကို ရုရှားအာဏာပိုင်များက စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

05 Jun

ADVERTISE HERE .