“လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနှင့်ပါကစ္စတန်တို့မှ ကိုယ်စားလှယ်အဖွဲ့များ အမေရိကန် သို့ ရောက်ရှိ”
05 Jun
အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်နိုင်ငံ စလုံးမှ ကိုယ်စားလှယ်အဖွဲ့များသည် ဇွန်လ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်သို့ ရောက်ရှိလာခဲ့ ကြောင်းသိရသည်။ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို အတိုက်အခံ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီမှ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ရှာရှီသာရော် က ဦးဆောင်ပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့ကြားဖြစ်ပွားသည့် တိုက်ခိုက်မှုများကို တင်ပြဆွေးနွေးမည် ဖြစ်သည်။ အလားတူပင် ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့ကိုမူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘီလာဝယ်ဘူတို ဇာဒါရီ က ဦးဆောင်ခဲ့ ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နှင့် ပဋိပက္ခ ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် ပါကစ္စတန်နိုင်ငံတွင် တာဝန်ရှိကြောင်းကို ပြသရန်အတွက် ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့များအား နိုင်ငံပေါင်း ၃၀ ကျော် သို့ စေလွှတ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် အိန္ဒိယအစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုကို လုံးဝသည်းခံမည်မဟုတ်ကြောင်းနှင့် ပါကစ္စတန်မှ လုပ်ဆောင်သည့် ဝါဒဖြန့်ချိမှုများသည် ၁၉၄၇ ခုနှစ်မှစ၍ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အိန္ဒိယ BJP ပါတီမှ လွှတ်တော်အမတ်တစ်ဦးက PTI သတင်းဌာနသို့ ပြောကြားခဲ့ကြောင်းသိရသည်။