“မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Myanmar Kinsanar Co., Ltd. တို့အကြား ရေနံထုတ်လုပ်မှု စာချုပ်လက်မှတ်ရေးထိုး”

05 Jun

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Myanmar Kinsanar Co., Ltd. တို့အကြား ကုန်းတွင်းလုပ်ကွက် IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၂ အတွက် ရေနံထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စာချုပ်ကိုလက်မှတ်ရေးထိုး ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ စာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနတွင် ဇွန်လ ၄ ရက်က ကျင်းပခဲ့ကာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Myanmar Kinsanar Co., Ltd. ၏ Managing Director တို့က စာချုပ်ကိုလက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း သိရပါတယ်။ ယခုခွင့်ပြုပေးခဲ့သည့် IOR-6 (မြန်အောင်ဒေသ)က ဒုတိယအကြိမ်မြောက်ခွင့်ပြုပေးခဲ့သော ကုန်းတွင်းပိုင်း လုပ်ကွက်ဖြစ်ပြီး ပထမလုပ်ကွက်အား တိုင်းရင်းသားပိုင်ရေနံကုမ္ပဏီတစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း က ခွင့်ပြုပေးခဲ့ပြီး ယခုအချိန်တွင် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ် လုပ်နေနိုင်ပြီဖြစ်၍ ယင်းဒေသ၏ လျှပ်စစ်မီး ရရှိရေးအတွက် အသုံးပြုလျက်ရှိနေတယ်လို့လည်း ဝန်ကြီးဌာနမှ သိရပါတယ်။ ဒုတိယလုပ်ကွက်ဖြစ်တဲ့ မြန်အောင်ရေနံမြေသည် ပြည်အနည်ကျချိုင့်ဝှမ်းတွင်ပါဝင်၍ ပဲခူးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ စပ်ကြားနေရာတွင်တည်ရှိပြီး အစဉ်အလာကောင်းခဲ့သည့် ရေနံမြေတစ်ခု ဖြစ်သလို ယင်းဒေသမှ ရေနံစိမ်းများတိုးတက်ရရှိရန်မျှော်မှန်းပြီး စက်သုံးဆီများချက်လုပ်ရာမှာ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။ (NVS 004)

05 Jun

ADVERTISE HERE .