“ထိုင်း- မြန်မာနယ်စပ် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ပြင်ဆင်မှုဆောင်ရွက်နေ”
05 Jun
ယခုနှစ် ထိုင်း- မြန်မာနယ်စပ်တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် မယ်ဆိုင်ဘက်ခြမ်း ချောင်းရိုး တစ်လျှောက် ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း သိရပါတယ်။ မယ်ဆိုင်မြို့ ထိုင်းအာဏာပိုင်အဖွဲ့က ယန္တယားစက်ကြီးများနဲ့ ယာယီသဲအိပ်များကို အဆင့်ဆင့်ကာရံ၍ ရေစုပ်စက်ကြီးများကိုလည်း အရံသင့်ပြင်ဆင်ထားပြီး မယ်ဆိုင်ချောင်းရိုးတစ်လျှောက်ရှိ စွန့်ပစ်အမှိုက်များကို ဆယ်ယူရှင်းလင်းလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့(မြန်မာ)နှင့် မယ်ဆိုင်မြို့ (ထိုင်း)ဘက်ခြမ်း၌ နှစ်စဉ်မိုးရွာသွန်း၍ တောင်ကျရေကြောင့် မယ်ဆိုင်ချောင်း ရေကြီးရေလျှံဖြစ်ပွားရာမှ နှစ်နိုင်ငံမြို့ များအတွင်း ရေနစ်မြုပ်မှုဖြစ်ပွားလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၄ ရက် နံနက်ပိုင်းအချိန်မှာ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းနှင့်အတူ အမှိုက်များမျောပါ လာသဖြင့် ရှင်းလင်းဖယ်ရှားရန် ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ယာယီပိတ်၍ နှစ်နိုင်ငံ ရှင်းလင်းဖယ်ရှားမှုများဆောင်ရွက်ခဲ့ရပါတယ်။ (NVS 004)