“ပြည်နယ်အဆင့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုပြုလုပ်”
04 Jun
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သံလွင်မြစ်အတွင်း ဇွန်လ ၃ ရက်နံနက်ပိုင်းက ပြည်နယ်အဆင့် မုန်တိုင်း အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတစ်ခု ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ လေ့ကျင့်မှုကို ကယ်ဆယ်ရေး စက်တပ်လှေ ၁၀ စီးနဲ့ လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး၊ မော်လမြိုင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသတွင်းလူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း လေ့ကျင့်ပြင်ဆင် ကြခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကလည်း ချောင်းဆုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့မှာ မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)
04 Jun