“ချန်ပီယံလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့တဲ့ ယာမယ်”

03 Jun

၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးသွင်းဂိုးဆုကို ဘာစီလိုနာတိုက်စစ်ကစားသမား ယာမယ် က အင်တာမီလန်နှင့် ယှဉ်ပြိုင်ခဲ့သော ဆီမီးဖိုင်နယ်ပထမအကျော့မှာ သွင်းယူခဲ့သောဂိုးနဲ့ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ယာမယ် က အင်တာမီလန်ကစားသမား ၅ ဦးခန့် ပိတ်ဆို့ကာကွယ်ထားသည့်ကြားမှ လှလှပပကန်သွင်းခဲ့ခြင်း ဖြစ်တဲ့အတွက် အကောင်းဆုံးသွင်းဂိုးဆု ရရှိခဲ့ခြင်းဖြစ်ပါတယ်။ လော်တာရိုမာတီနက်ဇ် က ဘိုင်ယန်မြူးနစ်အသင်းကို ကွာတားဖိုင်နယ်ပထမအကျော့မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဒုတိယအကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ရီးရဲလ်အသင်းနှင့် အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ ပြစ်ဒဏ်ဘောမှ သွင်းယူခဲ့တဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ် ရဲ့ သွင်းဂိုးကို တတိယ အကောင်းဆုံးသွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ (NVS 008)

03 Jun

ADVERTISE HERE .