“ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့တဲ့ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း”

03 Jun

တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ တရုတ်-အာဆီယံ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာ့ လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခုဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသားပိုက်ကျော်ခြင်းအသင်းက ၃ ယောက်တွဲ (Men Regu event) ရဲ့ ဗိုလ်လုပွဲမှာ မလေးရှားအသင်းကို ၂ ပွဲပြတ်နဲ့အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ၃ ယောက်တွဲပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းက အုပ်စုတွင်းပွဲစဥ်များမှာ အိမ်ရှင် တရုတ်အသင်း၊ မလေးရှားအသင်းတို့ကိုအနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လာအိုအသင်းကို အနိုင်ရရှိယူခဲ့ပြီးနောက် ဗိုလ်လုပွဲစဥ်မှာ မလေးရှားနိုင်ငံအသင်းကို ထပ်မံအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

03 Jun

ADVERTISE HERE .